သတင်းများ

ဟင်္သာတမြို့နယ်၌ အမှိုက်များ စနစ်တကျစွန့်ပစ်ရေးနှင့် အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ပုံ သရုပ်ပြလေ့ကျင့်
Jun 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ပုံ သရုပ်ပြလေ့ကျင့်ခြင်းကို ဇွန်လ(၁၄)ရက်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်
Jun 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာ ဥဩ(ချယ်ရီမြေ) ရေးသားသည့် “ လှေကားထစ်များ ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံများ ဖြစ်ခဲ့မှုပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဥ်များအား ရှင်လင်းတင်ပြ
Jun 16,2025
ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာသွန်းမှုကြောင့် အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံဖြစ်ခဲ့မှုကြောင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဥ်များအား ရှင်းလင်းခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ နောင်တောင်းပရဟိတ တပ်ဦး ဘုန်းတော်ကြီးကျောင်း ဆရာတော်အားဖူးမြော် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လွယ်အွန့်ကျေးရွာ အမျိုးသမီးစေတနာ့ဝန်ထမ်းဆယ်အိမ်စုမှူးများ တွေ့ဆုံပွဲပြုလုပ်
Jun 16,2025
ရှမ်းပြည်နယ် (‌တောင်ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ဇင်၊ ဒုဥက္ကဋ္ဌ ဒေါ်တင်တင်လတ်၊ အတွင်းရေးမှူး ဒေါ်မြတ်မြတ်ဦး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ဇွန်လ (၁၃) ရက်နေ့နံနက် ၈ နာရီခွဲအချိန်က သီရိမင်္ဂလာ‌ရွှေချမ်းသာမွေ တော်ဘုရားကြီးသို့ ရောက်ရှိ၍ ဘုရားအား ဖူးမြော်ကြည်ညိုခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်၊ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမြတ်၊ အဖွဲ့ဝင်များနှင့်အတူ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအား ပန်း၊ ရေချမ်းနှင့် ဆီးမီးတို့ကို ကပ်လှူပူဇော်ကြသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေများပေး အပ်ရာ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌက လက်ခံရယူခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းသားသမီးများအား ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ပညာသင်စရိတ်ပေးအပ်ပွဲ ကျင်းပ
Jun 16,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ သား၊ သမီးများအနက် တက္ကသိုလ်အဆင့်၊ အထက်တန်းအတင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တို့တွင် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ပေးအပ်ပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တောင်ကြီးမြို့၌ ဟိုပုံးမြို့နယ်၊ သီရိမင်္ဂလာ‌ရွှေချမ်းသာမွေတော် ဘုရားကြီး ပြန်လည်ပြုပြင် မွမ်းရန်အတွက် အလှူတော်ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jun 16,2025
ရှမ်းပြည်နယ် (‌တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ဇွန်လ (၁၃) ရက်နေ့နံနက် ၇ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာဝန်း၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ဇင်၊ ဒုဥက္ကဋ္ဌ ဒေါ်တင်တင်လတ်၊ အတွင်းရေးမှူး ဒေါ်မြတ်မြတ်ဦး၊ ရှမ်းပြည်နယ်အမျိုး သမီးရေးရာအဖွဲ့၊ နာယက ဒေါ်ညိုမီစော၊ ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးကောလိပ်မှ ကျောင်းသူများမှ ထင်းရှူးပင် (၂၀၀) တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့တို့က ပူးပေါင်းကျင်းပသော အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အောင်ပွဲရ ပြည်နယ်ဘောလီဘောအသင်းအား လေဆိပ်၌ ကြိုဆိုဂုဏ်ပြု
Jun 16,2025
ပဉ္စမအကြိမ်အဖြစ် ကချင်ပြည်နယ် မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ် သဟာယအဖွဲ့တို့က ပူးပေါင်းကျင်းပသော အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန် ၁၄ ရက် ညနေ(၃)နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jun 16,2025
စီ၊ ဇမ္ဗူသီရိခန်းမ၌ ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပရာ ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။