တိုက်ကြီး မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၌ KG နှင့် Grade–1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား) သင်တန်းဆင်းပွဲကို ယမန်နေ့က အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ဘုရင့်နောင်ခန်းမတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမောင်မောင်လတ်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါက်တာမိုးစန္ဒာသိန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ KG နှင့် Grade-1 သင်ကြားသည့် ဆရာ၊ ဆရာမ များ စုစုပေါင်း ၅၁၉ ဦးကို ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)