ညောင်ဦး မေ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် နွေစပါး ဧက ၅၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးမြို့နယ် မြစ်ရေတင်စနစ်ဖြင့် နွေစပါးစိုက်ပျိုးရန် မတ်လတွင် ပျိုးစတင်ပျိုးထောင်ခဲ့ကြောင်း ဧပြီလဆန်းပိုင်းကစတင်၍ ပျိုးပင်များလယ်ကွင်းအတွင်း ရွေ့ပြောင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။ မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် စပါးမျိုးမှာ ဆင်းသုခ၊မနောသုခ၊ (GW-11)၊ အောင်နိုင်တိုး စပါးမျိုးများကို တောင်သူများ စိုက်ပျိုးကြပြီး ပျိုးထောင်ရက် ၂၁ ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရ ကြောင်း စပါးတစ်သီးရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း နွေစပါးစိုက်တောင်သူများ ကရှင်းပြ၍သိရသည်။ မြစ်ရေတင်နွေစပါးစိုက် တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန်အထိ တစ်ဧကစိုက်ပျိုးရေသွင်းစရိတ် ကျပ် ၆၀၀၀ ပေးသွင်းရပြီး နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ကျပ် ၉၀၀၀ ပေးသွင်းရကြောင်း၊ အခြားသီးနှံအတွက် ကျပ် ၃၀၀၀ ပေးသွင်းရကြောင်းသိရသည်။
ဒီပါလင်း