သတင်းများ

ကြံခင်းမြို့နယ် ဆုံလဲအုပ်စု (ဆိပ်သာ) အခြေခံပညာအထက်တန်းကျောင်းတွင် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား လုပ်ငန်း လမ်းညွှန်မှုများ ဟောပြောပို့ချ
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲရုံးမှူး၊ မဲရုံးအဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်မှုများကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့နယ် ဆုံလဲအုပ်စု (ဆိပ်သာ) အခြေခံပညာ အထက်တန်းကျောင်းတွင် ဟောပြောပို့ချခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် မိုးကြိုးထိမှန်၍ နွား(၆)ကောင် သေဆုံး
Aug 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် မလှိုင်ကုန်းကျေးရွာအုပ်စု၊ ကျို့တပင်လမ်း၊ ဒေသအခေါ် (ဂျိုးကြစ်)ရှိ ဦးဇော်မျိုးထက်၏ နွားတင်ကုတ်အား မိုးကြိုးထိမှန်ကာ နွားတင်းကုတ်အတွင်း ချည်နှောင် ထားသည့် နွား(၆)ကောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းကျေးရွာအနီးရှိ မြောင်မြို့နယ်နှင့် ဆက်သွယ်ထားရှိသော ကားလမ်းတံတားအသစ်တည်ဆောက်ပြီးစီး
Aug 24,2020
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် မိုးရေတိုက်စားခြင်းကြောင့် ပျက်စီးသွားခဲ့သည့် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းကျေးရွာအနီးရှိ မြောင်မြို့နယ်နှင့်ဆက်သွယ်ထားရှိသော ကားလမ်းတံတားမှာ၊ အသစ်ပြန်လည် တည်ဆောက်ပြီးစီးပြီဖြစ်၍ မော်တော်ယာဉ်များ ဖြစ်သန်းသွားလာလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ကြီးမြို့နယ်၌ Covid-19 စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်သည့် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ
Aug 24,2020
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌
စစ်ကိုင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပညာရပ်ဆိုင်ရာတက္ကသိုလ်များအဆင့် လူငယ်ကလပ် (Youth Club for Academic Subjects) အဖွဲ့ဖြစ်မြောက်ရေးလူငယ်များ တွေ့ဆုံပွဲကျင်းပ
Aug 24,2020
စစ်ကိုင်းမြို့တွင် ပညာရပ်ဆိုင်ရာတက္ကသိုလ်များအဆင့် လူငယ်ကလပ် (Youth Club for Academic Subjects) အဖွဲ့ဖြစ်မြောက်ရေးအတွက် လူငယ်များတွေ့ဆုံပွဲကို ဩဂုတ်(၂၃)ရက် နံနက်(၉) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Aug 24,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှ လာရောက်သည့် MT FORTUNE GLORY သင်္ဘောပေါ်မှ သင်္ဘောသား (၁၂) ဦး၊ နယ်သာလန်နိုင်ငံမှ လာရောက်သည့် MV UNISON MEDA သင်္ဘောပေါ်မှ သင်္ဘောသား (၁၃) ဦး၊ အိန္ဒိယနိုင်ငံမှလာရောက်သည့် MT MELATI 6 ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား (၂၄) ဦးနှင့် ထိုင်းနိုင်ငံမှလာရောက်သည့် MV PACIFIC ACE သင်္ဘောပေါ်မှ သင်္ဘောသား (၁၂) ဦး၊ စုစုပေါင်းသင်္ဘောသား (၆၁) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
လေးမျက်နှာ၌ ကိုဗစ် - ၁၉ ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေး နှိုး‌ဆော်ခြင်းနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာ‌စောင်များ ဖြန့်ဝေ
Aug 24,2020
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၈ နာရီတွင် လေးမျက်နှာမြို့နယ်၊ ချင်းလယ်ကျေးရွာအုပ်စု၊ ချင်းလယ်၊ မရမ်းကုန်း ကျေးရွာတို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်
အုတ်တွင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုပေးအပ်ပွဲကျင်းပ
Aug 24,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့်