ပုသိမ်မြို့တွင် မိုးစပါးမျိုးစေ့ထုတ် တောင်သူများကို မျိုးစပါးဖိုးငွေနှင့် စိုက်ပျိုးစရိတ်ငွေများပေးအပ်
Aug 24,2020
ဧရာဝတီ တိုင်းဒေသကြီးပုသိမ်မြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်ပျိုးချိန်တွင် မျိုးစေ့ထုတ်စိုက်ပျိုးခြင်းနှင့် အထွက်နှုန်းကောင်း စပါးမျိုးစိုက်ပျိုးကြသည့် တောင်သူများသို့ မျိုးစပါးအတွက်ကုန်ကျစရိတ်နှင့် စိုက်ပျိုးစရိတ်ကုန်ကျငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမတွင် ကျင်းပသည်။