ဖားကန့်၌ ကိုဗစ်-၁၉ ဒုတိယလိုင်း ကြိုတင်ကာကွယ်မှု ပထမခြေလှမ်းအဖြစ် မြို့နယ်လုံးကျွတ် Face Mask များ အခမဲ့ဖြန့်ဝေ
Aug 24,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဒုတိယလိုင်း ကြိုတင်ကာကွယ် ဆောင်ရွက်မှု ပထမခြေလှမ်းအနေဖြင့် မြို့နယ်လုံးကျွတ် နှာခေါင်းစည်း Face Mask များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိ/ရပ်ဖများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်းများ ယနေ့နံနက်ပိုင်းက ဝေငှပေးခဲ့ကြောင်း သိရသည်။