စစ်ကိုင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပညာရပ်ဆိုင်ရာတက္ကသိုလ်များအဆင့် လူငယ်ကလပ် (Youth Club for Academic Subjects) အဖွဲ့ဖြစ်မြောက်ရေးလူငယ်များ တွေ့ဆုံပွဲကျင်းပ

စစ်ကိုင်း ဩဂုတ် ၂၄

စစ်ကိုင်းမြို့တွင် ပညာရပ်ဆိုင်ရာတက္ကသိုလ်များအဆင့် လူငယ်ကလပ် (Youth Club for Academic Subjects) အဖွဲ့ဖြစ်မြောက်ရေးအတွက် လူငယ်များတွေ့ဆုံပွဲကို ဩဂုတ်(၂၃)ရက် နံနက်(၉) နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသည့် ပညာရပ်ဆိုင်ရာ တက္ကသိုလ်များအဆင့် လူငယ် များက တစ်ဦးချင်းမိတ်ဆက်စကားများပြောကြားခဲ့ကြကာ စစ်ကိုင်းခရိုင် လူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူး ကိုယ်စားအဖွဲ့ဝင် ဦးဇင်ကိုကအဖွင့်အမှာစကားကိုလည်းကောင်း၊ နိုင်ငံဝန်ထမ်းအငြိမ်းစား ဦးမောင်မောင်လွင် က  ပညာရပ်ဆိုင်ရာ တက္ကသိုလ်များအဆင့် လူငယ်ကလပ် (Youth Club for Academic Subjects) အဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်၊  ဆက်လက်၍  ဦးဝေဖြိုးအောင် စစ်ကိုင်း တက္ကသိုလ်(ဒုတိယ) နှစ်၊ English Major ကအဆိုပါအဖွဲ့၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်မည့်လုပ်ငန်းများကို လည်းကောင်း၊ ဦးဘုန်းမြတ်ဇော် အဝေးသင်တက္ကသိုလ် စတုတ္ထနှစ် (မြန်မာစာ)၊ ဦးအောင်ဇော်မြင့် (သမဝါယမ တက္ကသိုလ်)၊ ဦးစနေမောင်မောင် (စစ်ကိုင်းတက္ကသိုလ်) တတိယနှစ် (ရှုပဗေဒ)၊  ဒေါ်မေဝသုန်ဦး အဝေးသင် တက္ကသိုလ် စတုတ္ထနှစ်(ဥပဒေ)တို့က အဖွဲ့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလိုသည့်လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု ကာလအတွင်း ရှေ့ဆက်ဆောင်ရွက်ကြမည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ကြရန်အတွက် (၈)ဦး တစ်ဖွဲ့ဖြင့် အဖွဲ့ကို(၃)ဖွဲ့ခွဲကာ အဖွဲ့ရေရှည်ရပ် တည်ရန် လိုအပ်သည့် ပြင်ဆင်ထားရှိမှုများ၊ လူငယ်ကဏ္ဍများတွင် လိုအပ်နေသည်ဟု ထင်ရသော လေ့လာရန်နယ်ပယ်များ၊ အများအကျိုးပြုဆိုင်ရာ လုပ်ငန်းများ တွင်ပါဝင်ကြရာ၌ ထားရှိရမည့်စိတ်နေစိတ်ထားများ စသည့်အချက်(၃) ချက်ကို အဖွဲ့တစ်ဖွဲ့ချင်းမှ အပြန်အလှန်ဆွေးနွေးတိုင်ပင်ခဲ့ကြကာ သဘောတူညီချက်များအပေါ် စုပေါင်း အတည်ပြုခဲ့ကြကြောင်း သိရသည်။     

မျိုဝင်း(ပြန်/ဆက်)