သတင်းများ

ခန္တီးမြို့နယ် Cash for Work စီမံကိန်းလုပ်ငန်းများ တိုင်းဒေသကြီးဦးစီးမှူး ကွင်းဆင်းစစ်ဆေးခြင်း
Aug 24,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် Cash For Work (CFW) စီမံကိန်းကျေးရွာများဖြစ်သော စိန်နန်းအုပ်စု၊ ဖားမောင်ကျေးရွာများရှိ
မိုင်းလုံမြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ အိမ်ထောင်စု(၁၀၇၈)စုအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Aug 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်နေထိုင်သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို နိုင်ငံတော်အစိုးရမှငွေသားဖြင့် တတိယအကြိမ် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ပြည်သူများ လက်ဝယ်အရောက် ယမန်နေ့ညနေ(၄)နာရီ အချိန်က သွားရောက်ထောက်ပံ့ပေးခဲ့သည်။
ငါန်းဇွန်မြို့နယ် လက်ပံကျင်းတောင်ကျေးရွာ အထက(ခွဲ)၌ ကျောင်းဆောင်သစ်ဆောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 24,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ လက်ပံကျင်းကျေးရွာအုပ်စု၊ လက်ပံကျင်းတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝင်းအတွင်း ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်
မိုးရာသီကာလ လေပြင်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်ပြိုလဲအန္တရာယ် မဖြစ်စေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း
Aug 24,2020
မိုးရာသီကာလ ပြည်သူများလျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး၊ ဓါတ်အားလိုင်း ပြတ်တောက် ခြင်းများ မဖြစ်စေရေး၊
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း ၄ ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား စက်ဘီး ၁၇၀ စီး အခမဲ့ထောက်ပံ့ပေးအပ်
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း ၄ ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား စက်ဘီး ၁၇၀ စီး ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက မစိန် ကျေးရွာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
တီးတိန်၌ မဲစာရင်းမှန်ကန်ပြည့်စုံရေး တစ်အိမ်တက်တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်
Aug 24,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကေက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များသည် မဲစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် ယမန်နေ့မနက်တွင် ကွင်းဆင်း ဆောင်ရွက် သည်။
ရှင်ဗွေယန်မြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး
Aug 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက်(၁၀) နာရီတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သောထောက်ပံ့ငွေများကို အမာမြို့အတွင်းရှိ သဘာဝဘေးဒဏ်သင့်အိမ်ထောင်စုများအား ထပ်ဆင့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ သြဂုတ်လ (၃)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ် သင့်ခဲ့ကြသည့် အိမ်ထောင်စု(၁၀)စုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆောင်းပေးအပ်သည့် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက ယမန်နေ့နံနက်(၁၀)နာရီခန့်တွင် ဂေါ်ဒူကျေးရွာသို့ သွားရောက်၍ ဘေးဒဏ်သင့်ပြည်သူတို့၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။