မဘိမ်းမြို့နယ်တွင် မိုးကြိုးထိမှန်၍ နွား(၆)ကောင် သေဆုံး

မဘိမ်း     ဩဂုတ်     ၂၄           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် မလှိုင်ကုန်းကျေးရွာအုပ်စု၊ ကျို့တပင်လမ်း၊ ဒေသအခေါ် (ဂျိုးကြစ်)ရှိ ဦးဇော်မျိုးထက်၏ နွားတင်ကုတ်အား မိုးကြိုးထိမှန်ကာ နွားတင်းကုတ်အတွင်း ချည်နှောင် ထားသည့် နွား(၆)ကောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါမိုးကြိုးထိမှန်မှုကြောင့် (၆)နှစ်သားခန့်ရှိ ခိုင်းနွားနီ(၂)ကောင်၊ (၁)ကောင်လျှင် ကာလ တန်ဖိုးငွေကျပ် (၁၅) သိန်းခန့်ဖြင့် တန်ဖိုးငွေကျပ်(၃၀)သိန်းခန့်၊ (၃)နှစ်သားခန့်ရှိ အနီရောင်နွားထီး (၁)ကောင်လျှင် ကာလတန်ဖိုးငွေ ကျပ်(၇)သိန်းနှင့် (၄)နှစ်သားခန့်ရှိ အဖြူရောင်နွားမ(၃)ကောင်၊ (၁)ကောင်လျှင် ကာလတန်ဖိုး ငွေ ကျပ်(၅)သိန်းခန့်ဖြင့် ကာလတန်ဖိုးငွေကျပ်(၁၅)သိန်းခန့်၊ စုစုပေါင်း ကာလတန်ဖိုးငွေ ကျပ်(၅၂)သိန်းခန့်ရှိ နွား(၆)ကောင်တို့ မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

 

မျိုးမင်း (ပြန်/ဆက်)