သတင်းများ

ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင်ကျေးရွာတွင် အာရှဖွံ့ဖြိုးရေးဘဏ်ချေးငွေဖြင့် မူလတန်းလွန်ကျောင်းဆောင်နှင့် အိပ်ဆောင်များဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
Aug 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင်ကျေးရွာတွင် အာရှဖွံ့ဖြိုးရေးဘဏ်ချေးငွေဖြင့် အခြေခံပညာဦးစီးဌာနမှ လူငယ်များ အလုပ်အကိုင်ရရှိရေးအတွက် လေ့ကျင့်မွေးထုတ်ရေးစီမံချက် (EYE Project) ဖြင့် မူလတန်းလွန်ကျောင်း ဆောက်လုပ်နေမှုများကို သတ်မှတ်ကာလအတွင်း စနစ်တကျဆောက်လုပ်ရေး နေပြည်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကျွမ်းကျင်သူအရာရှိ ဒေါ်ကြူကြူခင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီဝင်များ၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များ၊ ဝင်းကမ္ဘာတည်ဆောက်ရေးကုမ္မဏီမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ထုတ်ချေးပြီးစီး
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ယခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ထုတ်ချေးပေးပြီး ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာ ဦးစန်းညွန့်ထံမှ သိရသည်။
ဖားကန့်၌ ဒုတိယအကြိမ် လက်လုပ်လက်စား ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များ ခွင့်ပြုချထားပေးမည်
Aug 24,2020
ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ လုံးခင်း/ဖားကန့် ရတနာနယ်မြေအတွင်း ဒုတိယအကြိမ်အဖြစ် ကျောက်စိမ်း တူးဖော်ရန် လက်လုပ်လက်စား လုပ်ကွက် (၂၈၆) ကွက်အား ခွင့်ပြုချထားပေးနိုင်ရေးအတွက် အဆိုပြုလျှောက်လွှာ များကို မော်ဝမ်းရပ်ကွက်ရှိ စုပေါင်းရုံးအဝင် OSS (One Stop Service) ရုံး၌ ဩဂုတ် ၂၄ ရက်နေ့မှ စတင်၍ စိစစ်ရောင်းချပေးတော့မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ထုံးဘို (အနောက်) ကျေးရွာ၌ ကောက်စိုက်စက်ဖြင့် လယ်ဧက(၈၀) စိုက်ပျိုး
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ထုံးဘို (အနောက်)ကျေးရွာ၌ အမှတ် (၆၁) လယ်ယာမြေဝန်ဆောင်မှုစခန်း နှင့် ဝင်းလက်မြေလယ်ယာမြေဝန်ဆောင်မှုအသင်းတို့ ပူးပေါင်း၍ လယ်ဧက (၈၀) ကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ငွေရရှိနိုင်ရန် (Ngwe Bike) အစီအစဉ်တွင် စာရင်းများ နေ့စဉ်ကောက်ယူ
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ငွေရရှိနိုင်ရန် (Ngwe Bike) အစီအစဉ်တွင် စာရင်းများ ကောက်ခံ ပေးသွင်းလျက်ရှိရာ ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရှိရ သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့်  တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိစေရန် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်
Aug 24,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်သတ်မှတ်ချက်များနှင့် ပြည့်စုံသောပြည်သူများအား မဲပေးပိုင်ခွင့်
ဖား​ဆောင်းမြို့ သံလွင်မြစ်​ရေ ပြန်လည်ကျဆင်း
Aug 24,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်း ကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီး ယခုအခါ သံလွင်မြစ်ရေအမှတ်သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၀၀:၃၀)နာရီအချိန်မှ စတင်၍ ကျဆင်းနေပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် မင်းတုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများတွေ့ဆုံ
Aug 24,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းနှင့် မင်းတုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် တွေ့ဆုံခဲ့ကြသည်။