လေးမျက်နှာ ဩဂုတ် ၂၄
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၈ နာရီတွင် လေးမျက်နှာမြို့နယ်၊ ချင်းလယ်ကျေးရွာအုပ်စု၊ ချင်းလယ်၊ မရမ်းကုန်း ကျေးရွာတို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်း လုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄.၇.၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝ ဘေးအန္တရာယ်များနှင့် ပတ်သက်သည့် အသိပညာ ပေးခြင်း လုပ်ငန်းတို့အား လည်းကောင်း၊ အများပြည်သူများ သိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေး နှိုးဆော်ခြင်း နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေမိုး(ပြန်ဆက်)