အုတ်တွင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုပေးအပ်ပွဲကျင်းပ

အုတ်တွင်း ဩဂုတ်၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေ ချစ်မြတ်နိုးသူအသင်း (Book Club)တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သော Book Club  အဖွဲ့ဝင် ကျောင်းသား/ သူများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုတံဆိပ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ သည်။

ရှေးဦးစွာ စာပေချစ်မြတ်နိုးသူအသင်း (Book Club)အသင်း ဉက္ကဌ ဦးခင်မောင်ချိုမှ  အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ဆက်လက်၍  (Book Club) အသင်း အဖွဲ့ဝင် ဦးတင်စိုးမှ အခမ်းအနား ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး ကျောင်းသား/သူများ အား ဆက်လက်ကြိုးစား ဆောင်ရွက်သွားရန် အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ဆုပေးပွဲ အခမ်းအနားအား ကျင်းပရာ (၂)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ ရိုးရိုး အောင် (၉)ဦး တို့အား တာဝန်ရှိသူ များမှ ဂုဏ်ပြုလက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဂုဏ်ထူးရ ကျောင်းသား မောင်ဝင်းမိုးကျော်မှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)