မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းသရုပ်ပြပွဲကျင်းပ

မအူပင် စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ မအူပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ချိုချိုသန်းမှက မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဝင်းဝင်းမာက မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းအကြောင်းအရာများနှင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး မဲဆန္ဒရှင်ပြည်သူများ လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသခဲ့ကြသည်။

အဆိုပါ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲအား အမှတ်(၉)ရပ်ကွက်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူ (၄၀၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)