သင်္ဃန်းကျွန်း စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ရွှေနားပန်ဘုရားဓမ္မာရုံတွင်(ဇ/တောင်)ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား သင်္ဃန်းကျွန်းမြို့နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဥ်အား ယမန် နေ့နံနက် ၉း၃၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်စမ်းသပ်မဲပေးခြင်းအခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဠဦးမျိုးမြင့်က ရွေး ကောက်ပွဲနှင့်သက်ဆိုင်သည်များအား ရှင်းလင်ပြောကြားသည်။ ထို့နောက် သင်္ဃန်းကျွန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူတစ်ဦးက MEVM မဲပေးစက်ဆိုင်ရာများအားရှင်းလင်းပြောကြားပြီး ပြည်သူများက MEVM မဲပေးစက်တွင် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဠဦးမျိုးမြင့်၊ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်ကွက်ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
ဇော်မိုး(သင်္ဃန်းကျွန်း)