သန်လျင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန် စက်တင်ဘာ ၉

သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သန်လျင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းကျင်းပသော ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုက အဖွင့်အမှာစကားပြောကြားရာတွင် ခေတ်မီတိုးတက်နေသောလူမှုအသိုက်အဝန်းတွင် Online စနစ်ဖြင့်ဆက်သွယ်ချိတ်ဆက်မှုများမှာ ရာနှုန်းပြည့်နီးပါးဖြစ်နေသည့်အတွက်စဥ်းစားချင့်ချိန်၍ လုပ်ငန်းများဆောင် ရွက်ကြရာမှာဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေးထိခိုက်စေသည့် ဆက်သွယ်ရေးလိမ်လည်မှုအထူးသတိပြုဆောင်ရွက်ကြစေလိုကြောင်းနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဒုတိယဥက္ကဋ္ဌဒေါ်ဇင်မာစိုးက ဆက်သွယ်ရေးလိမ်လည်မှုနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုကလစ်အား ပြသသည်။ အခမ်းအနားသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/ကျောင်းသူမိဘများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ(သန်လျင်)