ထန်းတပင် စက်တင်ဘာ ၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများနှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ(၇)ရက်နေ့ကလည်း စံကင်းကြီးကျေးရွာအုပ်စု၊ စံကင်းကြီးကျေးရွာသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့် ဝန်ထမ်းများက စံကင်းကြီးကျေးရွာအုပ်စု၊ စံကင်းကြီးကျေးရွာတွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကာယံကံရှင်လက်ဝယ်သို့ မပေးအပ်မီ Biometric အချက်အလက်ကောက်ယူ၍ UID နံပတ်ထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တခါမျှ ကိုင်ဆောင်ထားခြင်းမရှိသူများအား စိစစ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်