သတင်းများ

လောင်းလုံးမြိုတွင် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ် စတင်ထိုးနှံ
Jan 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ပထမအကြိမ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့နံနက် ၆နာရီ ခွဲအချိန်က လောင်းလုံးမြို့၊ ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးအသစ်များ ပြန်လည်ရွေးချယ်
Jan 27,2021
ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးအသစ်များ ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ထွေထွေအုပ်ချုပ်းရေးဦးစီဌာန၊ ဥပဒေ၊ ကျန်းမာရေးနှင့် ပြန်/ဆက်ဦးစီး ဌာနတို့မှ မိမိတို့တာဝန်ကျရာ ဆည်ကြီးကုန်းအုပ်စုသို့ သွားရောက်ပြီး ကျေးရွာပြည်သူများ၏ သဘော ဆန္ဒဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်(၆၁)ဦး စံချိန်တင် ထပ်တိုးတွေ့ရှိပြီး ကိုဗစ်လူနာ(၁)ဦး ထပ်မံသေဆုံးခဲ့၍ အတည်ပြုလူနာပေါင်းက (၃၂၉၉)ဦးနှင့် သေဆုံးသူပေါင်းက (၁၃)ဦး အထိရှိလာ
Jan 27,2021
မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၂၆ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၆၁)ဦး ထပ်တိုးတွေ့ ရှိခဲ့ပြီး သေဆုံးသူ(၁)ဦးရှိခဲ့၍ တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၃၂၉၉)ဦးနှင့် သေဆုံးသူက (၁၃)ဦး အထိရှိလာကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့ သရုပ်ပြဆောင်ရွက်
Jan 27,2021
ပြည်သူများ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ မီးသတ်ဦးစီးဌာနမှ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းကို ယနေ့ နံနက် ၉ နာရီခန့် ကနောင်ခဲကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက် (၁၂၅) ဦးအား RDT Test Kit ဖြင့်စစ်ဆေး
Jan 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၁၂၅) ဦး၏ Swab နမူနာများအား (၃၄) ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယမန်နေ့က ရယူခဲ့ကြောင်း သိရ သည်။
ရွှေဘိုမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်လည်းကောင်း၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမနှင့် သီးသန့် လူနာဆောင် တို့တွင် လည်းကောင်း ယနေ့ နံနက်(၁၀)နာရီမှစတင်၍ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည် ။
ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုမှ ရေထွက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုတို့ ပေါင်းစပ်ညှိနှိုင်း၍ ကိုဗစ်-၁၉ ကာလအတွင်း ရေထွက်ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက်ပိုင်းမှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။