သဲကုန်း ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၁၂၅) ဦး၏ Swab နမူနာများအား (၃၄) ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယမန်နေ့က ရယူခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ FQC များတွင် စောင့်ကြည့်အဖြစ် ထားရှိသူများအနက် (၁၂၅)ဦး တို့အား RDT test kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ Positive(၂)ဦး ထွက်ရှိပြီး အဆိုပါ လူနာ(၂)ဦးအား ပြည်သူ့ဆေးရုံ သီးခြားဆောင်သို့ ခေါ်ယူ၍ ဆေးကုသမှု ပေးသွားမည် ဖြစ်ကြောင်းနှင့် Negative ထွက်ရှိသောသူများ၏ ရလဒ်များကို သေချာမှုရှိစေရန် ရန်ကုန်သို့ပို့ပြီး RTPCR နည်းဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမည်ဖြစ်သည်။
ယနေ့ထိ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခြင်း ခံထားရသူ(၉၃)ဦးရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နိုင်လင်း (သဲကုန်းပြန်/ဆက်)