သတင်းများ

သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ/နွားအရေပြား အကျိတ်နာရောဂါ အသိပညာပေး ပိုစတာဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ/နွား အရေပြားအကျိတ်နာ ရောဂါ အကြောင်း အသိပညာပေးပိုစတာဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးရှေ့နှင့် မြို့နယ်အတွင်းရှိ အနီးအနား ကျေးရွာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ခန္တီးမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံပေး
Jan 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများအား ယနေ့နံနက်က ပထမဆုံး အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်ရှိ ကျန်းမာ​ရေးဝန်ထမ်း(၆၄)ဦးအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးစတင်ထိုးနှံ
Jan 27,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေး စတင်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရ သည်။
မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား ထောက်ပံ့နိုင်ရန် ဆွေးနွေးပွဲ ဆောင်ရွက်
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော်မှ (၄)ကြိမ်မြောက် ထောက်ပံ့မှု ဆောင်ရွက်ခဲ့ပြီး မရရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ကျပ်နှစ်သောင်းနှုန်း ထောက်ပံ့နိုင်ရန်အတွက် မအူပင်မြို့နယ် ကိုဗစ်-၁၉ ဘဏ္ဍာရေး ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်မိ/ရပ်ဖများတွေ့ဆုံကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ကသာမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ
Jan 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့ နံနက်(၈)နာရီခွဲအချိန်ခန့်မှစတင်၍ ကသာခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျေးရွာတာဝန်ခံရာအိမ်မှူး၊ ဆယ်အိမ်မှူး ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ် သင်တန်းပို့ချ
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ရွေးချယ်နိုင်ရေးအတွက် လုပ်ငန်းစဉ် သင်တန်းဆွေးနွေးပို့ချခြင်းကို ယမန်နေ့နေ့လည် ၂ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။