လောင်းလုံးမြိုတွင် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ် စတင်ထိုးနှံ

လောင်းလုံး ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ပထမအကြိမ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့နံနက် ၆နာရီ ခွဲအချိန်က လောင်းလုံးမြို့၊ ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို လောင်းလုံးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်း ဆေးဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်း( ၁၇၁)ဦးအား ထိုးနှံပေးမည်ဖြစ်၍ အပိုဆေးများကို ဆေးရုံတွင်ကူညီပေးသော ပရဟိတ အဖွဲ့များအား ထိုးနှံပေးသွားမည်ဖြစ်၍ လောင်းလုံးမြို့နယ်အတွက် ​ဆေးလုံးရေ (၁၉)လုံးရရှိပြီ ဆေးတစ်လုံးလျှင် လူဦးရေ ( ၁၀) ယောက်အထိ ထိုးနှံခြင်းရှိကြောင်း မြို့နယ်ဆရာဝန် ဒေါက်တာ မင်းညွှန့်ဝင်း ထံမှသိရသည်။

သိန်းသိန်း ( ပြန်/ဆက်)