ညောင်ရွှေ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ပေါင်းစပ်ညှိနှိုင်း၍ ကိုဗစ်-၁၉ ကာလအတွင်း ရေထွက်ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက်ပိုင်းမှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေထွက်ကုန်ပစ္စည်များရောင်းချမှုကို မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် တိုးတက်စည်သာ အခြေခံသမဝါယမ အသင်းမှ တီလားပီးယား၊ ငါးဖယ်၊ ငါးခုံးမ၊ ပုစွန်ဆိတ်စသည့် ရေထွက်ပစ္စည်းများကို ကိုဗစ်-၁၉ ကာလအတွင်း စားသုံးသူ ပြည်သူများထံသို့ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် ငါးထုတ်လုပ်သူများ၏ အခက်အခဲများ အဆင်ပြေစေရန် သမဝါယမ၏ No Profit ၊ No Loss မူအတိုင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ