ရွှေတောင် ဇန်နဝါရီ ၂၇
ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးအသစ်များ ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေ၊ ကျန်းမာရေးနှင့် ပြန်/ဆက်ဦးစီးဌာနတို့မှ မိမိတို့တာဝန်ကျရာ ဆည်ကြီးကုန်းအုပ်စုသို့ သွားရောက်ပြီး ကျေးရွာပြည်သူများ၏ သဘော ဆန္ဒဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ကြီးကြပ်ရေးအဖွဲ့တွင် ပါဝင်သည့် ရပ်မိရပ်ဖ(၅)ဦး၏ အရည်အချင်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဆည်ကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများ၏ သဘော ဆန္ဒဖြင့် ရွေးချယ်ရန် ပြောကြားပြီး တက်ရောက်လာသည့် ပြည်သူအများ၏ သဘောဆန္ဒဖြင့် ကြီးကြပ် ရေးမှူးများကို အတည်ပြု ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)