သတင်းများ

မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး​ကို ပထမအကြိမ် စတင်ထိုးနှံပေး
Jan 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (COVISHIELD ) ကို ယနေ့နံနက် (၈)နာရီခွဲက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများကို မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၌ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
တိုက်ကြီးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်‌နေ့ နေ့လယ်(၁)နာရီ အချိန်က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စတင်ထိုး နှံပေးခဲ့ရာ ကုသရေးဝန်ထမ်း (၅၄)ဦးနှင့် ပြည်သူ့ကျန်းမာ ရေးဝန်ထမ်း (၁၅)ဦး စုစုပေါင်း (၆၉)ဦးကို စတင်ထိုးနှံပေးခဲ့ပြီး ယနေ့ နံနက်ပိုင်းအချိန်တွင် ကျန်ရှိသော ကျန်းမာရေးဝန်ထမ်းများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖရူဆိုမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ
Jan 28,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ် ပြည်သူ့ဆေးရုံသစ်ကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ဒီးမော့ဆိုမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံ
Jan 28,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ စုရပ်၌ ထိုးနှံခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆေးများ (ပထမအကြိမ်) စတင်ထိုးနှံ
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ကြံခင်းမြို့ ပြည်သူ့ဆေးရုံရှိ သင်တန်း ဆောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံပေး
Jan 28,2021
ရွှေတောင်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်း များအား ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) စတင် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံက်ပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများကို ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမတွင် ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
မိုင်းလုံမြို့ရေပေးဝေရေးကော်မတီမှ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းထံ လူနာတင်ယာဉ် တစ်စီး လှူဒါန်း
Jan 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ရေပေးဝေရေးကော်မတီမှ ဖြူစင်မေတ္တာလူမှု ကူညီရေးအသင်းထံ လူနာတင်ယာဉ်တစ်စီး ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမတွင် ကျင်းပ ဆောင်ရွက် ခဲ့သည်။