သတင်းများ

ကလိန်အောင်မြို့ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီးတောင်ပေါ်နေရပ်ပြန်အသွားအလာစောင့်ကြည့်ရေးစခန်း(Quarantine Centre)တွင် ပထမဆုံး ကိုဗစ်-၁၉ positive လူနာ(၁)ဦးတွေ့ရှိ
Jan 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီး တောင်ပေါ် နေရပ်ပြန် အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်း(Quarantine Centre)၌ ပြည်ပနှင့် ပြည်တွင်းမှ နေရပ်ပြန်များအား ကျန်းမာရေးစစ်ဆေးပေးလျက်ရှိရာယမန်နေ့ ညနေတွင်ပထမဆုံး ကိုဗစ်-၁၉ positive လူနာတစ်ဦး တွေ့ရှိကြောင်းသိရသည်။
လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး ပုလောမြို့နယ်တွင် မီးဘေးဇာတ်တိုက် သရုပ်ပြလေ့ကျင့်
Jan 27,2021
ပုလောမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်မှူးရုံးတို့ ပူးပေါင်း၍ လျှပ်စစ် အန္တရာယ် ကင်းဝေးစေရေး မီးဘေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ပုလောမြို့နယ် လျှပ်စစ်မှူးရုံး တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပင်လောင်းမြို့နယ် ကောင်လှိုင်းကျေးရွာတွင် အစေ့ထုတ်ပြောင်းကို အများဆုံးစိုက်ပျိုး
Jan 27,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ပင်လောင်းမြို့နယ် ကောင်လှိုင်းကျေးရွာတွင် အစေ့ထုတ်ပြောင်းကို အများဆုံးစိုက်ပျိုးကြပြီး ပြောင်းခူးဆွတ်ချိန်ကာလတွင် ဒေသခံပြည်သူများအနေဖြင့် မိသာစုဝင်ငွေများ ပုံမှန်ရရှိကြကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
Jan 27,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့ နံနက်(၈)နာရီခန့်က မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ရွာငံမြို့နယ် ရေဦးဈေးတွင် နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးနှင့် စည်းကမ်းတကျရောင်းဝယ်ရေး နှိုးဆော်
Jan 27,2021
ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ကိုဗစ်ကော်မတီမှ ဆောင်ရွက်လျှက်ရှိရာရေဦးဈေးတွင် ဈေးရောင်းဈေးဝယ်များနှင့် ဈေးလာပြည်သူများအား နှာခေါင်းစည်းများ တင်ဆင်အသုံးပြုရေးနှင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးခြင်းများကို ယနေ့ နံနက် (၇)နာရီကလမ်းမတစ်လျှောက်နှင့် အဆိုပါဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မြင်းခြံမြို့နယ် ပျားကျေးရွာရှိ တောင်ကြားဝဆည် အဆင့်မြှင့်ပြုပြင် လုပ်ငန်းများ ဆောင်ရွက်
Jan 27,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ပျားကျေးရွာရှိ တောင်ကြားဝဆည် ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီ အောင်၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးသန့်တို့ က စစ်ဆေးခဲ့ကြသည်။
ချောင်းဆုံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးနှင့်ကလေးများ ပါဝင်ဆောင်ရွက်ခြင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jan 27,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမတွင် ကလေးသူငယ်အခွင့်အရေးနှင့် ကလေးများပါဝင် ဆောင်ရွက်ခြင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူ(၂၇)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Jan 27,2021
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၇)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့်ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် ယနေ့နံနက်(၁၁)နာရီအချိန်က လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။