ညောင်ဦး ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ဧည့်သည်ဝင်ရောက်မှုမရှိသဖြင့် ဘုရားများလုံခြုံမှုရှိ စေရန်အတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ စီစဉ်မှုဖြင့်ခန့်အပ်ထားသော နေ့စားလပေး ဝန်ထမ်း(၂၂)ဦးတို့ဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တို့ဘာ ၁ ရက်နေ့မှ စတင်ကာ နယ်မြေ(၄)ခု ပိုင်းခြားပြီး ရှေးဟောင်းစေတီ ၊ ဘုရား၊ ပုထိုး ၊ အုတ်ကျောင်းတိုက်၊ အဆောက်အအုံများကို မသမာသူများရန်မှကာကွယ်နိုင်ရန် ရှေးဟောင်းယဉ်ကျေးမှုဒေသ လုံခြုံမှုရှိစေရန် လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ၊လုံခြုံရေးဌာနစိတ်မှ ဦးမြင့်သန်း(ဒုတိယညွှန်ကြား ရေးမှူး)ထံကသိရသည်။
ထိုသို့ဆောင်ရွက်မှုနှင့်အတူ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ တာဝန်ခံ ဒေါက်တာသန်းထိုက်(ညွှန်ကြားရေးမှူး)၏ လမ်းညွှန်မှုဖြင့် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁၉ရက်နေ့မှစ၍ သန့်ရှင်းရေးလုပ်ငန်းများပါ ပူးတွဲဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၂ ရက်နေ့က ဘုရားအမှတ်(၁၆၇၆)၊ ဘုရားအမှတ်( ၁၆၇၇)၊ (၁၆၈၅)တို့ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ရွာဟောင်းကြီးဘုရား၊ တိုင်းကျွတ်ဘုရား၊ ဘုရားအမှတ်( ၁၉၅၇)၊ (၁၉၅၈)၊ (၁၉၅၉)နှင့် ဇန်နဝါရီ ၂၆ရက်နေ့တွင် ဘုရားအမှတ် (၃၆၉)တို့တွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပုဂံဌာနခွဲမှ ဦးမြင့်သန်း(ဒုတိယညွှန် ကြားရေးမှူး)ထံမှ သတင်းရရှိသည်။
ကိုထိန်၊KPD