သတင်းများ

ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ နောက်တိုးထောက်ပံ့နိုင်ရေး ညှိနှိုင်းဆွေးနွေး
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပုံမှန်ဝင် ငွေမရှိသော အခြေခံလူတန်းစားများအာ နောက်တိုးထောက်ပံ့နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲချိန်က ပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း စတင်ဆောင်ရွက်
Jan 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ(၃)နာရီက မြို့နယ် ပြည်သူ့ ဆေးရုံတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မကွေးမြို့တွင် ဒေသခံပြည်သူများနှင့် လက်တွဲကူညီပရဟိတအဖွဲ့(We Love Magway) တို့ စုပေါင်း၍ ကိုဗစ်ကာကွယ်ဆေးဝယ်ရန်အတွက် ဒုတိယအကြိမ်အဖြစ် ငွေကျပ်(၄၁၄)သိန်းကျော် လှူဒါန်း
Jan 28,2021
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဒေသခံပြည်သူများနှင့် လက်တွဲကူညီပရဟိတအဖွဲ့(We Love Magway)တို့ စုပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူတော်ငွေကျပ် သိန်းပေါင်း(၄၁၄) သိန်းကျော်ကို ယမန်နေ့ နံနက် ၈ နာရီအချိန်က မကွေးမြို့ မဟာဝိသုတာ ရာမ ကျောင်းတိုက်၌ လှူဒါန်းရေစက်ချ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေး
Jan 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ စုရပ်တွင် မြို့နယ်အတွင်းရှိ ကုသရေးဝန်ထမ်း ၁၈၄ ဦး၊ ပြည်သူ့ကျန်းမာဝန်ထမ်း ၁၅ဦး၊ တိုင်းရင်းဆေးဝန်ထမ်း ၁၃ဦးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနဝန်ထမ်း ၇ ဦးတို့ကို ဇန်နဝါရီ ၂၇ ရက်မွန်းလွဲ ၂ နာရီက စတင်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
ဘိုကလေးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုက‌လေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံနိုင်ရေးအတွက် ဘိုကလေးမြို့နယ် အိန္ဒိယနိုင်ငံမှ လှူဒါန်းခဲ့သော ဆေးအလုံးရေ(၃၈)လုံးအား မြို့နယ်ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများကို ယနေ့နံနက်(၁၀)နာရီ၌ စတင် ထိုးနှံပေးလျက်ရှိသည်။
ကျွန်းလှ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် စတင်ထိုးနှံပေး
Jan 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့က မြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် စတင်ထိုးနှံပေးကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့ပေါ် ရေကန်များအတွင်း ဆည်ရေရောက်ရှိစေရေး တာဝန်ရှိသူများ လိုက်လံစစ်ဆေး
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ပေါ်ရပ်ကွက်များ နွေရာသီရေရှား ပါမှု မဖြစ်စေရေးနှင့် မြို့ပေါ်ရေကန်များအတွင်း ဆည်ရေရောက်ရှိစေရေးတို့အတွက် ရေသွယ် မြောင်းများ ဖောက်လုပ်နေမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။