သတင်းများ

မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် ပြည်သူများစုပေါင်း၍ ရေနှုတ်မြောင်းဆောင်ရွက်
Jan 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် ပြည်သူများစုပေါင်း လှူဒါန်းမှုဖြင့် လမ်းဖြတ်ကူးရေနှုတ်မြောင်းအသစ် ဖောက်လုပ်ခြင်းကို ဇန်နဝါရီ (၂၆) ရက်နေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
ဗန်းမောက်မြို့၌ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင် ထိုးနှံပေး
Jan 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၁၀)နာရီမှ ညနေ(၅)နာရီအချိန်အထိ မိခင်နှင့်ကလေးအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နိုင်ငံတော်မှ အခြေခံအိမ်ထောင်စုများအား ဒုတိယအကြိမ်အဖြစ် ထောက်ပံ့ပေး
Jan 28,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နိုင်ငံတော်မှ ဒုတိယကြိမ်အဖြစ် အခြေခံ လူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့သည့် ငွေကျပ် (၄၀၀၀၀) ကျပ်အား ယနေ့ နံနက်ပိုင်း အချိန်မှ စတင်ကာ ရပ်ကွက်များအလိုက် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိ ကြောင်း သိရသည်။
မင်းတုန်းမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ
Jan 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့၌ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့ည‌နေ(၃)နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဟားခါးမြို့ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင် ပလက်ဖောင်းအမှတ်အသားများ အသစ်ပြန်လည်ဆေးသုတ်ခြင်း ဆောင်ရွက်
Jan 28,2021
ဟားခါးမြို့တွင် ယာဉ်စီးနင်းသူပိုမိုများပြားလာပြီး ယာဉ်တိုက်မှု လျော့နည်းပပျောက် စေရေးနှင့် ယာဉ်ရပ်နားနေရာများ၊ ယာဉ်ရပ်နား၍ မရသည့်နေရာများကို အများပြည်သူပိုမို သိရှိလိုက်နာ နိုင်စေရေးအတွက် ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် ပလက်ဖောင်းများ အသစ်ပြန်လည် ဆေးသုတ်ခြင်းကို ယနေ့က ဟားခါးမြို့နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ် ဆွေးနွေးပွဲကျင်းပ
Jan 28,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက (၂၀၁၄-၂၀၁၅)မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့သော မြစိမ်းရောင်ကျေးရွာ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ်မြောက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
Jan 28,2021
ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအားဒုတိယ အကြိမ်မြောက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ ညနေ၄ နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်း သာရပ်ကွက်၊ အကွက်(၅၅)၊ ၈၁လမ်း၊၁၃လမ်းနှင့် ၁၄လမ်းကြားရှိ အလှူရှင်မိသားစု၏ နေအိမ်ရှေ့၌ ပြုလုပ်သည်။
သရက်မြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းစတင် ဆောင်ရွက်
Jan 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းများကို ယနေ့နံနက်(၈)နာရီက ခရိုင်ပြည်သူ့ဆေးရုံတွင် စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။