တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

မန္တလေး ဇန်နဝါရီ ၂၈

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို  ယမန်နေ့ ညနေ ၃ နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေ ကျင်ရပ်ကွက်၊ အကွက်(၄၀)ရှိ တိုင်းရင်းဆေးတက္က သိုလ်(မန္တလေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)၌ လက်ရှိတာဝန်ထမ်းဆောင်နေကြသော သင်ကြားရေးဆရာ၊ဆရာမများနှင့် ဝန်ထမ်းများစုစုပေါင်း(၂၄၃)ဦးရှိသည့်အနက် (၁၂၀)ဦးအား အနောက်တိုင်းဆေးပညာဌာန မဟာဌာနမှူး ဒေါက်တာမြသီတာဖြူ ဦးဆောင်သောအဖွဲ့မှ ဆေးနှင့်မတည့်သည့် ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ယခင်ကာကွယ်ဆေးထိုးသွင်းစဉ် ဓာတ်မတည့်မှုဖြစ်ပေါ်ဖူးသူများအား စိစစ်၍ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် (၁၂၃)ဦးအား ဇန်နဝါရီ ၂၈ ရက်နေ့၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးပေးရာသို့ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလး)မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ပါမောက္ခ  ဦးဝင်းဟန်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ပါမောက္ခ ဦးဝင်းစိုး၊ မော်ကွန်းထိန်း ဦးထွန်းမောင်တို့က အနီး ကပ်ကြီးကြပ် စောင့်ကြည့်ပေးခဲ့ကြကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)