မင်းလှ(အောက်) ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပုံမှန်ဝင် ငွေမရှိသော အခြေခံ လူတန်းစားများအား နောက်တိုးထောက်ပံ့နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲချိန်က ပြုလုပ် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် ထောက်ပံ့မှုများ ပေးလျက်ရှိရာ အခြေခံလူတန်းစားများအား နောက်တိုး ထောက်ပံ့နိုင် ရေးအတွက် ဌာနဆိုင်ရာနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း ပါဝင်စေလို ကြောင်း ပြောကြားသည်။
ထို့နောက် ထောက်ပံ့ငွေများအား သက်ဆိုင်ရာ အခြေခံလူတန်းစားများ လက်ဝယ်သို့ မှန်မှန်ကန်ကန် အပြည့်အဝ ရောက်ရှိ ရန်အတွက် ကြီးကြပ်ဆောင်ရွက်ရန် ဌာနဆိုင်ရာ(၃၃)ခု အား ရပ်ကွက်/ကျေးရွာ အလိုက် တာဝန်ပေးအပ်ခဲ့သည်။
မင်းလှမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ပေးမှုများနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ လက်ဝယ်သို့ ငွေရငွေပေးပြေစာဖြင့် လွှဲပြောင်းပေးအပ်ခြင်း”၊ “ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုဝင်များ လက်ဝယ် သို့ တစ်ဦးချင်းအလိုက် မြို့နယ်ဌာနဆိုင်ရာ ကြီးကြပ်သူ အရာရှိ ရှေ့မှောက်တွင် ငွေရငွေပေး ပြေစာဖြင့် ပေးအပ်ခြင်း၊ မှတ်တမ်းဓာတ်ပုံရယူခြင်းများ” ဖြင့် လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်သွားရမည်ဖြစ်ကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာ (၆၆)အုပ်စုမှ အိမ်ထောင်စုပေါင်း (၃၄၁၅) စုအတွက် တစ်အိမ်ထောင်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၆၈၃၀၀၀၀၀)ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ပေါက်စ မင်းလှ