ဆင်ပေါင်ဝဲမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း စတင်ဆောင်ရွက်

ဆင်ပေါင်ဝဲ ဇန်နဝါရီ  ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ(၃)နာရီက မြို့နယ် ပြည်သူ့ ဆေးရုံတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးစတင်ထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးလက်အောက်ရှိ ဆင်ပေါင်ဝဲ မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်း(၇၇)ဦး၊ တိုင်းရင်းဆေးကုသရေးဦးစီး ဌာနမှဝန်ထမ်း (၃)ဦး၊ စုစုပေါင်း(၈၀)ဦးတို့အား စတင်ထိုးနှံပေးခဲ့ပြီး ပထမအကြိမ်ကာကွယ်ဆေးထိုးနှံ ပြီးသူများကို ရက်သတ္တပတ် (၄)ပတ်ခြား၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံ ပေးသွား မည်ဖြစ် ကြောင်းနှင့် ကျန်ရှိနေသည့် ဝန်ထမ်းများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း ဆင်ပေါင်ဝဲ မြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာမွန်စိုးရီထံမှ သိရသည်။

အိဖြူဖြူမောင်(ဆင်ပေါင်ဝဲ)