သတင်းများ

ခေါင်လန်ဖူးမြို့နယ် ဇီဒမ်းကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူနိုင်ရေး ကွင်းဆင်းစစ်ဆေး
Jan 28,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ဇီဒမ်းကျေးရွာတွင် ယမန်နေ့တွင် စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ် ကြူဆော့ (IDP)စခန်း၌ ညအိပ်ဝတ်စုံနှင့် ခေါင်းအုံးစွပ်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချ ဆောင်ရွက်
Jan 28,2021
တိုက်ပွဲရှောင်စခန်းများရှိ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူရရှိကာ ပုံမှန်ဝင်‌ငွေ ရရှိစေရန် ရည်ရွယ်၍ Deutsche Zusammenarbeit ၏ ပံ့ပိုးကူညီမှုဖြင့် မိတ်ဆွေမြန်မာမှ ညအိပ်ဝတ်စုံနှင့် ခေါင်းအုံးစွပ်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ (IDP)စခန်း ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
နမ္မတူမြို့နယ် ကြူဆော့၊ လီဆူး (IDP)စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ (၃၉၀)ဦးအား ထောက်ပံ့ငွေ ပေးအပ်
Jan 28,2021
Funded by European Union ၏ ပံ့ပိုးကူညီမှုဖြင့် ဒိန်းမတ်လူမှုကူညီရေးအသင်းနှင့် ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) တို့ ပူးပေါင်း၍ နမ္မတူမြို့နယ်၊ ကြူဆော့၊ လီဆူး (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ (၃၉၀)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
­­မိုးမိတ်မြို့တွင် မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်
Jan 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ဖွင့်လှစ်ပို့ချသော မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကန်ပိုက်တီ၌ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသစ်နှင့် ဝန်ထမ်းအိမ်ယာ အဆောင်သစ် ဖွင့်ပွဲကျင်းပ
Jan 28,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့အမှတ်(၁)ရပ်ကွက်ရှိ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်လုပ်ပြီးစီးသည့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသစ်နှင့် ဝန်ထမ်းအိမ်ယာ အဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပုလဲမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၉နာရီ က မြို့နယ် အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေဇွာမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ် (၁၀)သန်းမှ သန်း(၁၀၀)ကြား တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ကွင်းဆင်း
Jan 28,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြား လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့က ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျောက်မဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်‌ ပေးခဲ့ကြောင်း သိရသည်။