ကျွန်းလှ ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့က မြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် စတင်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင်မြို့နယ်ဆရာဝန်ကြီးဒေါက်တာမြတ်မိုး ဆန်းနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်း(၈၈)ဦး၊ ကုသရေးဦးစီးဌာန၊ ဝန်ထမ်း(၉၈)ဦးစုစုပေါင်း (၁၈၆)ဦးတို့အား ဇန်နဝါရီ(၂၇)ရက်မှ(၂၈)နေ့အထိထိုးနှံပေးသွားမည်ဖြစ်ကြောင်းမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
မျိုးဝင်းညို ကျွန်းလှ