ဘိုကလေး ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံနိုင်ရေးအတွက် ဘိုကလေးမြို့နယ် အိန္ဒိယနိုင်ငံမှ လှူဒါန်းခဲ့သော ဆေးအလုံးရေ(၃၈)လုံးအား မြို့နယ်ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများကို ယနေ့နံနက်(၁၀)နာရီ၌ စတင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးသည် တစ်လုံးလျှင် လူဦးရေ(၁၀)ဦး ထိုးနှံနိုင်ပြီး ယနေ့မှစတင်၍ ဇန်နဝါရီ (၂၉) ရက်နေ့အထိ (၂)ရက်တာအတွင်း မြို့နယ်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါ်စုစုလှိုင်မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း (၃၄၆)ဦးအား ထိုးနှံပေးလျက်ရှိကြောင်းနှင့် ဒုတိယအကြိမ်အဖြစ် နောင်(၂၈)ရက်အကြာတွင် ထပ်မံထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)