သတင်းများ

မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာဆုပေးအပ်ပွဲကျင်းပ
Feb 10,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာဆုပေးအပ်ပွဲကို ဖေဖော်ဝါရီ ၉ ရက် နေ့လယ်ပိုင်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပ ကြောင်း သိရသည်။
ပုလဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် ၁၂ သိန်း ပေးအပ်လှူဒါန်း
Feb 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပက်အပြည်ပြည်ဆိုင်ရာ အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့ အစည်းမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ် ၁၂ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ရွှေတြိဂံဒေသတင်းလွှာဌာန၊(၄)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့နှင့် "ရွှေရောင်လူသားဆု" ချီးမြင့်ခြင်း အခမ်းအနား ပြုလုပ်
Feb 08,2021
ရွှေတြိဂံသတင်းလွှာဌာန၏ (၄)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့နှင့် "ရွှေရောင်လူသားဆု" ချီးမြင့်ခြင်းကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ယမန်နေ့ညက ဟက်ပီး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း မုံရွာမြို့ပေါ် ရှိ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Feb 08,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများနှင့်အတူ ယခုနှစ် ဖေဖော်ဝါရီလ ၆ ရက် နံနက်(၉)နာရီခွဲ က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်လျက်ရှိသော မုံရွာမြို့ပေါ်ရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရေနံချောင်းမြို့ ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် တောင်ဖီလာကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် ၁၅၅ ပါးအား နေ့ဆွမ်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း
Feb 05,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏အစီအစဉ်ဖြင့် ယနေ့နံနက် ၁၀ နာရီခွဲက အိုးဘိုရပ်ကွက် ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် တောင်ဖီလာကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် ၁၅၅ ပါးအား နေ့ဆွမ်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်
Feb 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်သူ(၁၀၀) ကျော်ကိုလည်းကောင်း၊ ပန်းဘဲတန်းမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်သူ(၉၀)ကျော်ကိုလည်းကောင်း၊ ဗိုလ်တထောင် မြို့နယ်တွင် အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း၌ ပြည်သူ(၅၀၀)ကျော်ကိုလည်းကောင်း မြို့နယ် အသီးသီးတွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်(၃)မြို့နယ်တွင် တစ်ပြိုင်နက် စတင်ထိုးနှံပေးကြသည်။
တွံတေး၌ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း ဆောင်ရွက်
Feb 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသက်တစ်နှစ် အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း ကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။