ယင်းမာပင်မြို့နယ် သက္ကပြုကျေးရွာတွင် "ဘဝရှေ့ဆောင်အလင်းရောင် " စာကြည့်တိုက်ဖွင့်လှစ်
Feb 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် သက္ကပြုကျေးရွာ အောင်သာဇေယျုံ ဘုန်းတော်ကြီးကျောင်းတိုက် အတွင်းတွင် ကျေးရွာပြည်သူများ စာပေဗဟုသုတများဖတ်ရှု လေ့လာ နိုင်စေရန်အတွက် ကျောင်းတိုင်ဆရာတော် ဦးစီးဦးဆောင်မှုဖြင့် ကျေးရွာပြည်သူများ စုပေါင်း၍ "ဘဝရှေ့ဆောင်အလင်းရောင်" စာကြည့်တိုက်ဖွင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ စာကြည့်တိုက်တွင် ကျင်းပကြောင်း သိရသည်။