သတင်းများ

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာနှစ်ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်း
Feb 05,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာနှစ်ဦးသည် ကျန်းမာရေးကောင်းမွန်လာသဖြင့် ယနေ့ နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် ရထားများ ပြန်လည်ပြေးဆွဲလျက်ရှိ
Feb 05,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းလာပြီဖြစ်သည့်အတွက် ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေစေရန်အတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၅ ၇က်နေ့မှ စတင်၍ ရပ်နားထား သည့် ရထားများမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်၍ ပြန်လည် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 05,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ဗဟုသုတရရှိစေရန် ရည်ရွယ်ကာ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပခဲ့သည်။
ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်တွင် လူနေအိမ်(၂)လုံးမီးလောင်မှုဖြစ်ပွား၍ လူ(၆)ဦးသေဆုံးခြင်းအတွက် မီးဘေးသင့်အိမ်ထောင်စုအား ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့
Feb 05,2021
ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၂ရက် နံနက် ၆နာရီ မိနစ် ၁၅ မိနစ်အချိန်ခန့်က လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားခဲ့ရာမှတစ်ဆင့် အပူလွန်ကဲပြီး လူနေအိမ်(၂)လုံး မီးလောင်မှု ဖြစ်ပွား၍ လူ(၆)ဦးသေဆုံးခဲ့ခြင်းကြောင့် မီးဘေးသင့်အိမ်ထောင်စုအား ယမန်နေ့က ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါး သက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌနှင့် ကုန်စည်ပို့ဆောင်ရေး စီးပွားရေးလုပ်ငန်းရှင်အသင်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
Feb 05,2021
ကချင်ပြည်နယ်အတွင်း ပြည်တွင်းနှင့် ပြည်ပနိုင်ငံများနှင့် ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စွာ ဆောင်ရွက် နိုင်ရေးအတွက် တောင့်တင်းခိုင်မာသည့် ကုန်စည်စီးဆင်းရေး အသင်းတစ်သင်းပေါ်ပေါက် လာစေရေးအတွက် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်အတွင်းရှိ ကုန်စည်ပို့ဆောင်ရေး စီးပွားရေးလုပ်ငန်းရှင် အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ
Feb 05,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင် များနှင့် မိတ်ဆက်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဒီးမော့ဆိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးခြင်းနှင့် ဆုရရှိသော ကျေးရွာများအား ဆုချီးမြှင့်
Feb 05,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၂၁)ရွာတွင် စီမံကိန်းရန်ပုံငွေ (၁၆)ယူနစ် (တစ်ယူနစ်လျှင် ငွေကျပ် ၃၀၀ သိန်း)ဖြင့် လုပ်ငန်းဆောင်ရွက်မူများအပေါ် မြို့နယ်အဆင့် သုံးသပ် ဆွေးနွေးခြင်းနှင့် ဆုရရှိသော ကျေးရွာ များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်၌ ကုန်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် လူထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိ
Feb 05,2021
ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် လမ်းအကွေ့တွင် ယနေ့နံနက် ၅ နာရီခန့်က ကုန်တင်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်သို့ လဲကျတိမ်းမှောက်သွားကြောင်း ဖလမ်းမြို့ မြို့မရဲစခန်းမှ သတင်းရရှိသည်။