မုံရွာ၊ ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများနှင့်အတူ ယခုနှစ် ဖေဖော်ဝါရီလ ၆ ရက် နံနက်(၉)နာရီခွဲ က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်လျက်ရှိသော မုံရွာမြို့ပေါ်ရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မုံရွာမြို့၊ ကန်သာယာကန် အဆင့် မြှင့် တင်စီမံကိန်းဆောင်ရွက်နေမှု အခြေအနေ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့(၁၀)မှ တာဝန်ယူ၍ မုံရွာပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ် လူနာကုသဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ၊ မုံရွာမြို့ အဝေးပြေး ကားကြီးကွင်း တည် ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေတို့နှင့် မုံရွာ-ဆားလင်းကြီး ဇက်ကူးတို့ ဆိပ်တွင် အများ ပြည်သူသွားမှုလွယ်ကူစေရန် စီမံဆောင်ရွက်ထားရှိမှုအခြေအနေ တို့အား လည်းကောင်း သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် တာဝန်ရှိသူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ထွန်းကိုကို(ပြန်/ဆက်)