ရေနံချောင်းမြို့ ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် တောင်ဖီလာကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် ၁၅၅ ပါးအား နေ့ဆွမ်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

ရေနံချောင်း ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏အစီအစဉ်ဖြင့် ယနေ့နံနက် ၁၀ နာရီခွဲက အိုးဘိုရပ်ကွက် ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် တောင်ဖီလာကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် ၁၅၅ ပါးအား နေ့ဆွမ်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် ရေနံချောင်းမြို့ နယ်မြေခံတပ်ရင်းမှ ဗိုလ်မှူးကျော်ထက်၊ ဗိုလ်ကြီးဝင်းထက်အောင် တို့နှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လဝကဦးစီးမှူးနှင့် မြို့နယ်သာသနာရေးမှူးတို့က ရွှေတောင်ပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော် ဦးသောဘနနှင့် တောင်ဖီလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဦးပညာဝံသတို့ထံမှ ဩဝါဒခံယူကာ ဆရာတော်၊ သံဃာတော်နှင့် ကိုရင်သာမဏေ ၁၅၅ ပါးတို့အား စုစုပေါင်းအလှူငွေ ၃၀၅၀၀၀ ကျပ်နှင့် နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်