သတင်းများ

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Feb 12,2021
စစ်ကိုင်းမြို့၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပခဲ့ရာ ရှေးဦးစွာ နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်း အခမ်း အနားကို ယနေ့နံနက် (၅) နာရီခွဲက ရွှေမင်းဝံပန်းခြံ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ရာ အလံတင်တပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော ်အလံအားလွှင့်တင်
ဘုတလင်မြို့နယ် တောင်သူလယ်သမား အစုအဖွဲ့က ၂၀၂၀ ပြည့်နှစ်အတွင်း သဘာဝမြေဩဇာ EM ဘိုကာရှီမြေဆွေး တန် (၆၀) ကျော် ပြုလုပ်ပေးနိုင်ခဲ့
Feb 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် တောင်သူလယ်သမားအစုအဖွဲ့က စိုက်ပျိုးမြေများ၏ မြေဆီလွှာစွမ်းအား မြှင့်တင်ပေးနိုင်ရန် အတွက် ၂၀၂၀ ပြည့်နှစ်အတွင်းက တောင်သူများအား သဘာဝမြေဩဇာ EM ဘိုကာရှီမြေဆွေး တန် (၆၀) ကျော်ကို ကွင်းဆင်းပြုလုပ် ပေးနိုင်ခဲ့ကြောင်း မြို့နယ်တောင်သူ လယ်သမားအစုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်ထံမှ သိရသည်။
ညောင်ဦးနှင့် ငါ့သရောက်မြို့နယ်ရှိ ထန်းတောင်သူများ ထန်းလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်
Feb 11,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့်ငါ့သရောက်မြို့ ကျေးလက်တောင်သူများ ထန်းတက်လုပ်ငန်းစတင်ရန်ထန်းတက်ပင်များ ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ကြောင်း ငါ့သရောက်မြို့ ထန်းပေါက်ကုန်းကျေးရွာ ထန်းတောင်သူ ဦးဝင်းစိုးက ပြောသည်။
ငါ့သရောက်မြို့၌ ထန်းတက်ရာသီစတင်ချိန် ထန်းဆွဲမြူအိုးအမြောက်အမြား လုပ်ကိုင်ရောင်းချနေရ
Feb 11,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီမစတင်မီ အချိန်ကတည်းက ထန်းဆွဲမြူအိုးပြုလုပ်ထားကြပြီး ထန်းတက်လုပ်ငန်းစတင်ပြီဆိုသည်နှင့် ထန်းဆွဲမြူအိုးအမြောက်အမြား ရောင်းချခြင်းဖြင့် မိသားစု စီးပွားရေး တွက်ခြေကိုက်နေကြကြောင်း တောင်ကုန်းကျေးရွာနေ ဦးမြင့်ဆွေထံမှ သိရသည်။
ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၄၃)ဦး ထပ်မံဝင်ရောက်
Feb 11,2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဖေဖော်ဝါရီလ(၉)ရက်နေ့က (၂၇)ဦးနှင့်ယမန်နေ့ညနေ(၆)နာရီအချိန်က(၁၆)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၄၃)ဦး ထပ်မံဝင်ရောက် လာခဲ့ကြောင်း သိရသည်။
ကန့်ဘလူမျိုးသန့်ခြံမှ မျိုးသန့်မျိုးပွားမျိုးစေ့များကို စိုက်ပျိုးထုတ်လုပ်ပြီး ဒေသခံတောင်သူများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ
Feb 11,2021
စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့ရှိကန့်ဘလူမျိုးသန့်ခြံ ၏ ၂၀၂၀-၂၀၂၁ ခုနှစ်ဆောင်းသီးနှံများ ရိတ်သိမ်းခြွေလေ့ သန့်စင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပဲစင်း ငုံ(မုံရွာရွှေဒင်္ဂါး)၊ နှမ်း(ဆင်းရတနာ၁၄)၊ နေကြာ(ရေဆင်း-၁) နှင့် မတ်ပဲ (T.B.L.g)သီးနှံများ မျိုးဖြန့်ဖြူးနိုင်မည့် သီးနှံ အထွက်တင်းများကို လာမည့်မိုးသီးနှံ စိုက်ပျိုးရာသီအတွင်း မျိုးသန့်မျိုးပွားမျိုးစေ့များအဖြစ် ဒေသတွင်းတောင်သူများအား သင့်တင့်သောနှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ
Feb 11,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 11,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။