ပုလဲ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပက်အပြည်ပြည်ဆိုင်ရာ အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်းမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ် ၁၂ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပက်အပြည်ပြည်ဆိုင်ရာ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှု ရန်ပုံငွေ အဖွဲ့အစည်း ပုလဲမြို့နယ် မန်နေဂျာ ဒေါ်ငယ်ငယ်ဝေနှင့် တာဝန်ရှိသူများက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်ထံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေ ကျပ် ၁၂ သိန်းကို ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေ ၁၂သိန်းကို ပက်အပြည်ပြည် ဆိုင်ရာ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်းမှ တာဝန်ရှိသူ ကိုယ်တိုင် ပုလဲမြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဆင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ပေးသွင်းလှူဒါန်းခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မင်းခန့်စိုး (ဇေယျာမြေ)