တာချီလိတ်မြို့တွင် ရွှေတြိဂံဒေသတင်းလွှာဌာန၊(၄)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့နှင့် "ရွှေရောင်လူသားဆု" ချီးမြင့်ခြင်း အခမ်းအနား ပြုလုပ်

 

တာချီလိတ် ဖေဖော်ဝါရီ ၈

ရွှေတြိဂံသတင်းလွှာဌာန၏ (၄)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့နှင့် "ရွှေရောင်လူသားဆု" ချီးမြင့်ခြင်းကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ယမန်နေ့ညက ဟက်ပီး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် စာရေး ဆရာအသင်းနာယက ဒေါက်တာမြင့်အောင်က ရွှေတြိဂံ သတင်းလွှာ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ပြောကြားကာ အယ်ဒီတာဦးစိုးက "ရွှေရောင်လူသားဆု" ချီးမြင့်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ "ရွှေရောင်လူသားဆု" ချီးမြင့်ခြင်းကို ခရိုင်စီမံအုပ်ချုပ်မှု အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ဒုခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒေါက်တာမြင့်အောင်နှင့် သတင်းဌာန အယ်ဒီတာချုပ် ဦးထွန်းထွန်းဝင်းတို့က ချီးမြှင့်ပေးခဲ့သည်။

ရွှေတြိဂံသတင်းလွှာဌာနသည် "ဒေသအကျိုးသတင်းနှင့်သယ်ပိုး"ဟူသော ဆောင်ပုဒ်ဖြင့် ဒေသတွင်းမှ သတင်း များကို ထုတ်ပြန်ပေးလျက်ရှိပြီး ၄  နှစ် သက်တမ်းရှိပြီဖြစ်ကြောင်း  ယခုနှစ် ရွှေရောင်လူသားဆု ချီးမြင့်ခြင်းသည် ဒုတိယအကြိမ် ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်အတွက် "ရွှေရောင်လူသားဆု"ကို ဦးကျော်မင်းထိုက် (အမှုဆောင်အရာရှိ ၊ ကျိုင်းတုံစည်ပင်သာယာရေး ဌာန )၊

ဦးဖြိုးမင်းထိုက် (တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်မှု အဖွဲ့ဥက္ကဋ္ဌ)၊ ဦးချမ်းမြေ့စော (တာချီလိတ်မြို့နယ် စီမံအုပ်ချုပ်မှု ဥက္ကဋ္ဌ)၊ ဦးအိုက်သား(ဖန်မင်ကျေးရွာ)တို့က ရရှိခဲ့ကြောင်းသိရသည်။

ထို့နောက်ရွှေတြိဂံ သတင်းလွှာဌာန အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းလွယ်ခမ်းမှ အခမ်းအနားသို့ တက်ရောက် လာကြ သူများကိုကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။

ယာဆေး(ပြန်/ဆက်)