ဟားခါး ဖေဖော်ဝါရီ ၁၈
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်သည် ကောင်စီဝင်များနှင့်အတူ ချင်းပြည်နယ် အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး ဟားခါးမြို့ရှိ လုပ်ငန်းရှင်များအား တွေ့ဆုံခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီက ဟားခါးမြို့၊ ပြည်နယ်လမ်းဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်က ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ကြသည့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ ရပ်တန့်မသွားစေရေး ကြိုးပမ်း ဆောင်ရွက်ပေးကြရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးချက်များအပေါ် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)