သတင်းများ

မိုင်းယောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Mar 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ မတ် ၁၆ ရက်နေ့က ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့်ကချင်ပြည်နယ် အတွင်းမှ မြန်မာအလုပ်သမားများအား တွေ့ဆုံအားပေး
Mar 15,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကာလ အတွင်း နိုင်ငံရပ်ခြား၌ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့ကြရာ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် ကချင်ပြည်နယ်အတွင်းမှ ဒေသခံတိုင်းရင်းသားများအား ယနေ့နံနက် ၈ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တွေ့ဆုံအားပေးသည်။
မိုင်းယောင်းမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Mar 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ စုရပ်၌ ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်သား ဆရာဝန်များ၊ ဆေးမှူးများနှင့် သူနာပြုများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVIDSHIELD) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
သင်္ဘောသားအလွဲအပြောင်းလုပ်ငန်းများပုံမှန်ဆောင်ရွက်လျှက်ရှိပြီး နေရပ်ပြန် မြန်မာ သင်္ဘောသားများအား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Mar 14,2021
နိုင်ငံတကာပင်လယ်ကူးသင်္ဘောများပေါ်တွင်တာဝန်ထမ်းဆောင်မည့် သင်္ဘောသားများအား ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်သည့်လုပ်ငန်းများပုံမှန် ဆောင်ရွက်လျှက်ရှိရာ MV.MELATI SATU သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်မည့် ကပ္ပတိန် ဦးကျော်မြတ်နွယ် ပါ သင်္ဘောသား(၂၅)ဦး ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့မ ဆိပ်ကမ်းမှတဆင့် တာဝန်ထမ်းဆောင်မည့် သင်္ဘောရှိရာသို့ ထွက်ခွာသွားကြောင်းကြသိရရသည်။
ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်စောသန်းလှိုင်၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် နှင့်အဖွဲ့ဝင်များ ကကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုအားကြည့်ရှုအားပေး
Mar 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ ဇေယျဝတီကျောင်းတိုက်ရှိ ဆွမ်းစားဆောင်၌ သံဃာတော် များ ၊ သီလရှင်များနှင့်ဒေသခံပြည်များအားယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်လှစ်
Mar 14,2021
မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ၁ ရက်နေ့ မှ စတင်ကာ တပေါင်းလပြည့်နေ့အထိ ၁၅ တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီလူထုဖြန့် ပျိုးပင်ပေါင်း (၅) သောင်း ပျိုးထောင်ထားရှိ
Mar 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိန်းလန်းစိုပြေရေးနှင့် ရာသီဥတု ကောင်းမွန်စေရေး အတွက် မြို့နယ်သစ်တောဦးစီးဌာနမှ လူထုဖြန့်ပျိုးပင်ပေါင်း (၅) သောင်း ပျိုးထောင်စိုက်ပျိုးထားပြီး အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။