သတင်းများ

တာချီလိတ်မြို့၌ ဌာနဆိုင်ရာများနှင့် ပြည်သူများအား ကိုဗစ်-19 ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Mar 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက် ၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိသည်။
ချင်းရွှေဟော်၌ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းဆောင်ရွက်
Mar 12,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ အသက်(၆၅)နှစ် အထက်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိုင်းလပ်မြို့အတွင်း ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) စတင်ထိုးနှံ
Mar 12,2021
          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးခြင်းကို ဆေးသူနာပြုများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး ကူညီမှုအသင်းအဖွဲ့များ စုပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂)ရပ်ကွက် အ.ထ.က (ဝမ်နတ်)ကျောင်းစုရပ်၌ ကျိုင်းလပ်မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် ၆၅ နှစ်အထက် ပြည်သူများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့၌ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများအား COVISHIELD ကာကွယ်ဆေးစတင်ထိုးနှံ
Mar 12,2021
          ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ထိုးနှံခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဟိုပန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သန်းထိုက်တို့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့သည်။
တောင်ကြီးမြို့ပေါ်ရှိ ဒေသခံပြည်သူများ COVID-19 ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနေမှုကို ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ကွင်းဆင်းကြည့်ရှုအားပေး
Mar 12,2021
          ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် COVID-19 ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် မြို့ပေါ်ရှိ ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးမှုကို မတ်လ(၁၀)ရက်က စတင်ထိုးပေးလျက် ရှိကြောင်း သိရသည်။
ဒက္ခိဏခရိုင်နှင့် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့
Mar 11,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ
Mar 11,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း တောင်ကြီးမြို့ပေါ်ရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနေမှုကို ကွင်းဆင်းကြည့်ရှု
Mar 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့ပေါ်ရှိ ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးမှုကို ယမန်နေ့ က စတင်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။