ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ကျွန်းစု မတ် ၁၉ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မတ်လ(၁၅)ရက်နေ့မှစ၍ မတ်လ(၁၉) ရက်နေ့အထိ ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးထိုး နှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် ကျွန်းစုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် ဆေးစစ်သည်များမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်များနှင့် မိသားစုဝင်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ သာသနာ့ဝန်ထမ်း ရဟန်းသံဃာ‌တော်များနှင့်သီလရှင်များ၊ အား ပထမအကြိမ်အဖြစ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး လျက် ရှိသည်။ ကာကွယ်ဆေးထိုးနှံခြင်းကို မတ်လ(၁၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၆၂၁)ဦး ရှိပြီး ကာကွယ် ဆေးထိုးနှံသူ အချို့တွင် ဆေးအာနိသင်တုံ့ပြန်မှုကြောင့် ကိုယ်လက်ကိုက်ခဲပြီး တုတ်ကွေးရောဂါကဲ့သို့ ဝေဒနာခံစားရမှုများဖြစ်ပေါ်ခြင်း၊ ကိုယ်လက် မအီမသာများ ဖြစ်ပေါ်လျက်ရှိပြီး ဆေးရုံဆေးခန်းများ၌ အရေးပေါ်တက်ရောက် ကုသမှုများ မရှိကြောင်း သိရသည်။ စည်သူရအောင်(ကျွန်းစု)