သုံးခွမြို့နယ် အမှတ် ၄ ရပ်ကွက် အနော်ရထာလမ်းနှင့် မဉ္ဇူလမ်းထောင့်တွင် မီးသတ် အုတ်ရေကန်တစ်ခုတည်ဆောက်ပြီးစီး

သုံးခွ မတ် ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့အမှတ် ၄ ရပ်ကွက်၊ အနော်ရထာလမ်းနှင့် မဉ္ဇူလမ်းထောင့် တွင် မီးသတ်အုတ်ရေကန်တစ်ခု တည်ဆောက်လျက်ရှိရာ ပြီးစီးသွားပြီး ရေဖြည့်တင်းကာ လမ်းအတွင်းမှ လူငယ်များ အပေါ့စား မီးသတ်စက်ဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြ လေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ မီးသတ်အုတ်ရေကန်သည် အလျား ၉ ပေ၊ အနံ ၉ ပေ၊ အမြင့် ၁၁ ပေ (မြေပေါ် ၅ ပေခွဲ မြေအောက် ၅ ပေခွဲ) ရှိကြောင်း သိရပြီး လမ်းသူလမ်းသားများ စုပေါင်းထည့်ဝင်ငွေများ ဖြင့် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ မီးသတ်အုတ်ရေကန် တည်ဆောက်ခြင်းနှင့် ပတ်သက်၍ အဓိက ကတော့ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် နှင့် ကြုံတွေ့ပါက အပေါ့စား မီးသတ်စက်ဖြင့်လည်းကောင်း၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် လည်းကောင်း၊ အဆိုပါ မီးသတ်အုတ်ရေကန်မှ ရေကို ရယူအသုံးပြုနိုင်ရန် ရည်ရွယ်တည် ဆောက်ခြင်းဖြင့် အဆိုပါလမ်းအတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။ စည်သူလင်း ပြန်/ဆက်