သုံးခွမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ ဥက္ကံဘုရားကြီးမဏ္ဍိုင် ပရိယတ္တိစာသင်တိုက်တွင် မဟာ အတု လရတနာ့ဂုဏ်ရည် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်လျက်ရှိ

သုံးခွ မတ် ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ ဥက္ကံဘုရား ကြီးမဏ္ဍိုင် ပရိယတ္တိစာသင်တိုက်တွင် ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့စေရေး၊ ပရိယတ္တိစာပေများ သင်ကြားရာတွင်လည်းကောင်း၊ ဘာသာရေး၊ သာသနာရေး၊ ဝိနယဓမ္မ စာတော်ပြန်ပွဲ၊ အခမ်းအနားများ ကျင်းပရာတွင်လည်းကောင်း၊ လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ နှစ်(၁၀၀)ပြည့် ဝိနယဓမ္မစာတော်ပြန် ပူဇော်ပွဲကြီး အထိမ်းအမှတ်အဖြစ် မဟာ အတုလရတနာ့ဂုဏ်ရည် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်လျက်ရှိကြောင်း သိရှိရ သည်။ မဟာအတုလရတနာ့ဂုဏ်ရည် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရာတွင် ဘဒ္ဒန္တဆေ ကိန္နက ကျပ်သိန်း(၁၀၀) မတည်လှူဒါန်းခဲ့ပြီး ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် သာသနဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ၊ တိုင်းသံဃ နာယက ဝန်ဆောင်၊ ရွှေကျင်နိကာယ၊ ဂိုဏ်လုံးဝန်ဆောင်နာယက၊ ဂဏာမိပ-ဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တပဏ္ဍိ တသီဟ ဆရာတော်ကြီး၏ စီမံမှုဖြင့် အကျိုးတော်ဆောင်အဖွဲ့က ကြီးကြပ်ကာ တည်ဆောက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဗိမာန်တော်ကြီးမှာ အလျား (၆၂)ပေ၊ အနံ ပေ(၁၂၀) အာရ်စီနှစ်ထပ်ခွဲတိုက် အဆောက်အအုံဖြစ်ပြီး အဆိုပါ အဆောက်အအုံကြီး ပြီးစီးနိုင်စေရေးအတွက် စေတနာ အလှူရှင်များ သဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများ ပါဝင်ထည့်ဝင် လှူဒါန်းနိုင်ပါ ကြောင်း သိရသည်။ စည်သူလင်း ပြန်/ဆက်