ပဲခူးမြို့နန်းတော်ရာရပ်ကွက် အင်းဝင်(၁၀)လမ်း၌ မီးလောင်မှုဖြစ်ပွား

ပဲခူး ဧပြီ

ပဲခူးမြို့၌ နန်းတော်ရာရပ်ကွက် အင်းဝင်(၁၀)လမ်းထိပ်ရှိ ဟက်ပီးဆိုင်ကယ် အရောင်းဆိုင် ဂိုထောင်တွင်  ဧပြီ ၁၄ ညနေ နာရီ ၄၅ မိနစ်ခန့်က ဆိုင်ကယ်ကာဗာအဖုံးများထားရှိသော ဂိုဒေါင်အတွင်း လျှပ်စစ် ဝါယာကြိုးအပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ပဲခူးမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၄ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ ၄၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့ သွားရောက် မီးငြိှမ်းသတ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ညှပ်ဂိုဒေါင်အတွင်းရှိ တရုတ်ဆိုင်ကယ်အစီး ၁၅၀ စီးခန့်၊ သွပ်မိုး၊ ပျဉ်ကာ ၂ ထပ်နေအိမ် ၁ လုံး၊  သွပ်မိုး၊ ပျဉ်ကာ ၁ ထပ်နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးလောင်မှုနှင့် ပတ်သက်၍ ပဲခူးမြို့အမှတ်၁ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)