မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး

မော်လမြိုင်     ဧပြီ     ၁၄

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုဝင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှု အားပေး ခဲ့သည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်များနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံနေမှုအား လိုက်လံကြည့်ရှုပြီး ကာကွယ်ဆေးထိုးနှံပေးရာတွင် ဝိုင်းဝန်းကူညီပေးကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ အသင်းအဖွဲ့ဝင်များ၊ အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ကာကွယ်ဆေးလာရောက် ထိုးနှံကြသည့် ပြည်သူများတို့အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်ရက်လျှင်လူဦးရေ(၁၀၀၀)ကျော်နှုန်းဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေလင်းအောင်(ပြန်/ဆက်)