သင်္ကြန်အကျနေ့တွင် ရန်ကုန်မြို့၌ စတုဒိသာများ ကျွေးမွေးလှူဒါန်း

ရန်ကုန်  ဧပြီ   ၁၄

ယနေ့ ၁၃၈၂ခုနှစ် မဟာသင်္ကြန်အကျနေ့တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် သင်္ကြန်ကုသိုလ်အဖြစ် စတုဒိသာများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

အဆိုပါ စတုဒိသာများ‌‌ ကျွေးမွေးလှူဒါန်းခြင်းကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံလမ်း၊ မဟာဗန္ဓုလလမ်းနှင့် (၃၈)လမ်းထောင့်တို့တွင် ရပ်ကွက်နေပြည်သူများက သင်္ကြန်ကုသိုလ်အဖြစ် အများပြည်သူများစိတ်အေးချမ်းသာစွာ စားသုံးနိုင်ရန်  မုန့်လုံးရေပေါ်မုန့်များကိုလည်းကောင်း၊ သာကူမုန့်များကိုလည်းကောင်း၊ လမ်းသွား လမ်းလာ ပြည်သူများအား ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ကျော်ဆန်းမြင့် (ပြန်/ဆက်)